ပိုင်ကျုံမြို့၌ ကျေးလက်ကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်‌ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ပိုင်ကျုံ   ဖေဖော်ဝါရီ   ၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကျေးလက်ကျန်းမာရေးဌာန အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာသန်စွမ်းပြီး ရောဂါကူးစက်မှုမှကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက  ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။

အဆိုပါလုပ်ငန်းကို ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးသက်နိုင်စိုး၏ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မွေးစမှအသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား ဘီစီဂျီ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်-အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အ‌မြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ပြင်းထန်အဆုတ်ရောင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော၊  ဝက်သက်၊  ဂျိုက်သိုးရောဂါစသည့် ကာကွယ်ဆေးများကို ထိုးနှံတိုက်‌ကျွေးပေးသည့်အပြင် ကိုယ်ဝန်ဆောင်မိခင်များတို့၏ လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဌာန၌ အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များတို့၏ ပုံမှန်ကာကွယ်ဆေးထိုးခြင်လုပ်ငန်းကို ယခင်လများတွင် လစဉ် ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့များ၌ ထိုးနှံပေးခဲ့သော်လည်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှစ၍ လစဉ် ၆ ရက်နေ့နှင့် ၇ ရက်နေ့တွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျေးလက်ကျန်းမာရေးဌာနမှ သိရသည်။

နော်ခူး(ပြန်/ဆက်)