ချမ်းမြသာစည် ဖေဖော်ဝါရီ ၈
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၂၃)အခြေခံပညာမူလတန်းလွန်ကျောင်းတို့ ပူးပေါင်းဆောင်ရွက်သည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲနှင့် ပြပွဲ/ပြိုင်ပွဲများကျင်းပခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဦးစီးဌာနရုံးရှိ ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ လွတ်လပ်ရေးရရှိရန်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ရပုံများကို ဟောပြောခဲ့ပြီးနောက် ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်က ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးနှင့်ဝန်ထမ်းများမှ ကျောင်းသား၊ကျောင်းသူများအား ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် အခြေခံပန်းချီရေးဆွဲခြင်းပြိုင်ပွဲများကို ကျင်းပဆောင်ရွက်ပေးခဲ့ကြသည်။
ပြိုင်ပွဲများပြီးနောက် ကျောင်းသား/သူများသည် စာကြည့်တိုက်အတွင်း ခင်ကျင်းပြသထားသော နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့