ဒေါပုံ ဖေဖော်ဝါရီ ၈
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖေဖော်ဝါရီလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချစ်စုဝေက (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုအဖြစ် ကျောင်းသား၊ ကျောင်းသူများအား မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပြည်ထောင်စုနေ့၏ ထူးခြားအရေးပါမှုများ၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ လူငယ်များအနေဖြင့် ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မာစေရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားသင့်ပုံများကို ဟောပြောခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ သိမှတ်ဖွယ်ရာဗဟုသုတအဖြာဖြာတို့ ဉာဏ်စမ်းမေးခွန်းများ မေးမြန်းခဲ့ပြီး အဖြေမှန်သူများအား စာရေးကိရိယာများကို လက်ဆောင်အဖြစ်ချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)