ဒိုက်ဦး ဖေဖော်ဝါရီ ၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်နှင့်ဝန်ထမ်းများသည် ယမန်နေ့နံက်ပိုင်းက ဒိုက်ဦးမြို့ မြို့မစျေးအပြင်တန်းရှိ ဆေးမျိုးစုံရောင်းချနေသောဆိုင်များ၌ ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါးများအားလိုက်လံစစ်ဆေး၍ အိမ်သုံးဆေးဝါးနှင့် လိမ်းဆေးအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှု ရှိ၊ မရှိနှင့်စျေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ၊ မရှိ စျေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်စည်ပင်သာယာရေးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)