မိုင်းခတ်မြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်အသိပညာ‌ပေး စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်များပြသ

မိုင်းခတ် ဖေဖော်ဝါရီ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတတိုးပွားရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေး စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲ ၁နာရီအချိန်က မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြသခဲ့သည်။

အဆိုပါလူငယ်အသိပညာပေးပြပွဲတွင် အထွေထွေဗဟုသုတစာအုပ်များ၊ ရုပ်ပုံပြပုံပြင်စာအုပ်များ၊ တိုင်းရင်းသားရိုးရာပုံပြင်စာအုပ်များ၊ ပြည်သူ့နီတိစာအုပ်များ၊ ယဉ်ကျေးလိမ္မာစာအုပ်များ ပြသခြင်း၊ လူငယ်များ အမှားအမှန်သိမြင်ခွဲခြားတတ်စေရန် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များကို အသိပညာပေးပြသရာ အခြေခံပညာအထက်တန်းကျောင်း (မိုင်းခတ်) မှ ကျောင်းသား ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)