မင်းတုန်း ဖေဖော်ဝါရီ ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community centre တွင် ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေ ၃ နာရီက (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်ပြပွဲနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပရာ အခြေခံပညာအထက်တန်းကျောင်းမှ Grade-8 ကျောင်းသား၊ ကျောင်းသူ ၃၇ ဦး တက်ရောက်ခဲ့ကြသည်။
အဆိုပါ နံရံကပ်စာစောင်ပြပွဲတွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ၊ ကဗျာ၊ ဆောင်းပါးနှင့် မှတ်တမ်းဓါတ်ပုံများ ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။ ထို့နောက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက လူငယ်များ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် စိတ်ကောင်း စေတနာကောင်းထားရှိနိုင်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)