ကသာ ဖေဖော်ဝါရီ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ၂၀၂၄ ခုနှစ်၊(၇၇)နှစ်မြောက် ပြည်ထောင်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပပေးလျက်ရှိရာ ယမန်နေ့နံနက် (၉)နာရီအချိန်က အခြေခံပညာကျောင်းပေါင်းစုံ ပိုက်ကျော်ခြင်း ဗိုလ်လုပွဲ၊ အမျိုးသားပိုက်ကျော်ခြင်း (အလွတ်တန်း) ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဧရာရွှေလီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခြေခံပညာကျောင်းပေါင်းစုံ ပိုက်ကျော်ခြင်းဗိုလ်လုပွဲပြိုင်ပွဲတွင်အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းအားကစားအသင်းနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း အားကစား အသင်းတို့ယှဉ်ပြိုင်ကြရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အားကစားအသင်းကလည်းကောင်း၊ ရပ်ကွက်(၅)အားကစားအသင်းနှင့် The Best Boy အားကစားအသင်းတို့ ယှဉ်ပြိုင်ကြရာ The Best Boy အားကစားအသင်းက အနိုင်ရရှိခဲ့ကြသည်။
ထို့နောက် အခြေခံပညာကျောင်းပေါင်းစုံ ကြက်တောင် (အသင်းလိုက်)၊ လူသစ်တန်း (နှစ်ယောက်တွဲ)ပြိုင်များတွင် ဆုရရှိကြသူများအားလည်းကောင်း၊ အခြေခံပညာကျောင်းပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဆုရရှိကြသူများအားလည်းကောင်း၊ အားကစားလုပ်ရှားမှု အတက်ကြွဆုံးဆု ရရှိသော အခြေခံပညာကျောင်းများအားလည်းကောင်း၊ အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင်ဆုရရှိသော အသင်းများအား ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ယာယီဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲဝင်းလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းနှင့်တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ ကျောင်းသား/ ကျောင်းသူများ၊ အားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီအဖွဲ့ဝင်များ မြို့ပေါ်ရှိရပ်ကွက်များမှ ပြည်သူတို့က တက်ရောက် ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ကျော်စွာထွန်း(ကသာ)