တန့်ယန်းမြို့နယ်တွင် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာမေးပွဲ ကျင်းပ

တန့်ယန်း ဖေဖော်ဝါရီ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာမေးပွဲ (သင်ရိုးညွှန်းတမ်းအသစ်)ကို ယမန်နေ့မွန်းလွဲ ၁ နာရီမှ စတင်၍ ဘုရားကြီးကျောင်းတိုက်၌ ကျင်းပဖြေဆိုကြသည်။

အဆိုပါ စာမေးပွဲကို တောင်တန်းသာသနာပြု ဆရာတော်အဂ္ဂမဟာကမ္မာဌာနစရိယ ဘဒ္ဒန္တသုခမိန္ဒ (စဝ်ဆုခမ်း)၊ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဘုရားကြီးကျောင်းတိုက် ဆရာတော်  ဘဒ္ဒန္တကောလိယ၊ ကံဝိန်းပရိယတ္တိစာသင်တိုက် ဆရာတော် ဦးပညာသာမိနှင့် ဆရာတော်ကြီးများ ဦးဆောင်၍ ကျင်းပပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ သံဃာအပါး(၇၂၂)ပါး ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)