မိုင်းရှူး၌ (၃၂)ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာပရိယတ္တိ သဒ္ဓမ္မပါလစာမေးပွဲတော် ကျင်းပ

မိုင်းရှူး ဖေဖော်ဝါရီ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့၌ (၃၂)ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာ မေးပွဲတော်ကိုယမန်နေ့က ဟံသာမုနိဘုရားကြီးကျောင်းနှင့် ယုံးပေါင်ကျောင်းတိုက်တို့၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ (၃၂)ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာမေးပွဲတော်တွင် စာပြန်ပွဲအခြေပြုမှုကြိုတန်း (၁၀၆) ပါး၊ ပထမနှစ်(၂၀၇)ပါး၊ ဒုတိယနှစ်(၁၅၅)ပါး၊ တတိယနှစ်(၈၁)ပါး၊ စုစုပေါင်း(၅၄၉)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး စာပြန်ပွဲတွင် ကြီးကြပ်ရေးဆရာတော်/စာထောက်စာမ ဆရာတော်/နာယကဆရာတော် (၁၀၃)ပါးကြွရောက်ခဲ့ကြောင်းနှင့် စာပြန်ပွဲတော်ကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မှ ၁၈ ရက်နေ့အထိ (၉) ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)