မိုင်းယောင်းမြို့တွင် အဆောက်အအုံစာရင်းသွင်းခြင်း ဆောင်ရွက်

မိုင်းယောင်း  ဖေဖော်ဝါရီ  ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း(သန်းခေါင်စာရင်းယူနစ်) အဆောက်အအုံစာရင်းသွင်းခြင်း ဆောင်ရွက်ခြင်းကို ယမန်နေ့က အမှတ်(၇)ရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 ထိုသို့ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး အဆောက်အအုံစာရင်းသွင်းခြင်းဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေးစာရေးများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းအတွက် တိုင်းဒေသကြီး/ပြည်နယ်များသို့ မြို့ပြရပ်ကွက်များတွင် သန်းခေါင်စာရင်းယူနစ်များ ရေးဆွဲခဲ့ပြီး အဆောက်အအုံများ၏ တည်နေရာ၊ အရေအတွက်၊ အမျိုးအစား၊ အသုံးပြုမှုနှင့် လူနေထိုင်သော အိမ်ထောင်စုအရေအတွက်တို့ကို မှတ်တမ်းတင် သိရှိနိုင်ရန်အတွက် အဆောက်အအုံစာရင်းသွင်းခြင်းလုပ်ငန်း ဆောင်ရွက်ရန် မြို့နယ်အတွင်း၌ ကောက်ကွက် (၁၅)ကွက်အား မတ်လအထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း