ဇမ္ဗူသီရိ ဖေဖော်ဝါရီ ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပိုက်ကျော်ခြင်းဝါသနာကစားသမားများ ပူးပေါင်းကျင်းပသည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဥာဏသိဒ္ဓိရပ်ကွက်၊ A 3000 ပိုက်ကျော်ခြင်းကွင်းတွင် ယှဥ်ပြိုင်ကစားလျက်ရှိကြောင်း သိရသည်။
အဆိုပါ ၂၀၂၄ ခုနှစ်၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဖေဖော်ဝါရီ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ ပြိုင်ပွဲဝင်အသင်း (၁၀)သင်း ပါဝင်ယှဉ်ပြိုင်ကစားလျက်ရှိပြီး၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဆုရရှိသော အသင်းများနှင့် အကောင်းဆုံးကစားသမားများကို (၁၂.၂.၂၀၂၃) ရက်နေ့တွင် တာဝန်ရှိသူများမှ ဆုငွေများနှင့် ဆုတံဆိပ်များကို ထိုက်တန်စွာ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)