သတင်းများ

တံတားဦးမြို့နယ်တွင် မြေအောက်ရေဖြင့် စိုက်ပျိုးထားသော ထိုင်ဝမ်ပြောင်းဖူးများ အောင်မြင်ဖြစ်ထွန်း
Mar 05,2024
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် ဒေသခံတောင်သူအချို့သည် ဖူးစားပြောင်း ဖြစ်သည့် ထိုင်ဝမ်ပြောင်းဖူးများကို မြေအောက်ရေကို အသုံးပြုပြီး စိုက်ပျိုးလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ နမ့်ယွန်းချောင်းတစ်လျှောက် စိုက်ပျိုးထားသည့် စားဖိုဆောင်သီးနှံများ အောင်မြင်ဖြစ်ထွန်း
Mar 05,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းအပြင်တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိသည့် စားဖိုဆောင်သုံး ဟင်းသီးဟင်းရွက် သီးပင်စားပင်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်လာကြပြီး နမ့်ယွန်းချောင်းတစ်လျှောက် စိုက်ပျိုးထားသည့် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကာ တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မိုင်းယုမြို့ အမျိုးသမီးရေးရာအဖွဲ့က အ.ထ.က(မိုင်းယု)၌ နွေရာသီ အားကစားသင်တန်းတက်ရောက်နေသည့် ကျောင်းသား/သူများအား အာဟာရထောက်ပံ့ပစ္စည်းများ ပေးအပ်
Mar 05,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ အမျိုးသမီးရေးရာအဖွဲ့ ဒေါ်နန်းအင်လောင်းနှင့် အဖွဲ့ဝင်များသည် အ.ထ.က(မိုင်းယု)၌ ဖွင့်လှစ်နေသည့် နွေရာသီယဉ်ကျေးလိမ္မာ၊ အခြေခံကွန်ပျူတာသင်တန်းနှင့် အားကစားသင်တန်းသို့ ယမန်နေ့က သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းသား/သူများအတွက် ကော်ဖီထုပ်များနှင့် အဟာရထောက်ပံ့ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
လက်ပံတန်း၌ အခြေခံ ရှေးဦးသူနာပြုစုခြင်း သင်တန်းဖွင့်လှစ်
Mar 05,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် (၉) နာရီအချိန်က ပညာရေးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ အခြေခံရှေးဦးပြုစုခြင်းသင်တန်း(၁/၂၀၂၄)ကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်၌ အခြေခံရှေးဦးပြုခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲ ပြုလုပ်
Mar 05,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အခြေခံရှေးဦးပြုခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ ( ၅ ) နာရီက မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ပြုလုပ်ခဲ့သည်။ရှေးဦးစွာ ပြည်နယ်ကြက်ခြေနီ သူနာပြုပြည်နယ်တပ်ဖွဲ့မှူး ဦးကျော်မြင့်က ရှေးဦးပြုစုခြင်း ဘာသာရပ်ဆိုတာ ယခင်က တစ်အိမ်လျှင် တစ်ယောက်တတ်မြောက်ထားရမည် ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် လူတိုင်း တတ်မြောက်ရမည်ဖြစ်သည့်အတွက် လူတိုင်း တတ်မြောက်အောင် သင်ကြားကြဖို့ လိုအပ်ပါကြောင်း အမှာစကား ပြောကြားသည်။
နတ်မောက်မြို့နယ်အတွင်းရှိ  အသက်(၈၅)နှစ်အထက် အဘိုး၊ အဘွား (၁၀၇၈)ဦးအား လူမှုပင်စင်ထောက်ပံ့ငွေများ ပေးအပ်
Mar 05,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တတိယ (၃)လပတ် လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့တော် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေမှုနှင့် ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေး
Mar 05,2024
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့တော် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေမှုနှင့် ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ကျောက်ဆည်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာ (၁၀) ရွာ၌ ကွန်ကရစ်လမ်းများ ခင်းပေး
Mar 05,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပြည်သူများလူမှုစီးပွားဘဝ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်သူလူထုကိုယ်တိုင် ကျေးရွာ များ၏ ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီး ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးအစီအစဉ်များ စနစ်တကျစုပေါင်းပြီး ဖွံ့ဖြိုးရေးအစီအစဉ်များ ဖြစ်ပေါ်လာစေရန်အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာ  (၁၀) ရွာ၌ ကွန်ကရစ်လမ်းများ ခင်းပေးခဲ့ကြောင်း သိရသည်။