မက်မန်း မတ် ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယနေ့ခေတ်နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဝန်ထမ်းတိုင်း နည်းပညာပိုင်းနှင့် သက်ဆိုင်သည့် အတွေးအခေါ်များ မြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ သတင်းရေးသားနည်းသင်တန်းကို ယမန်နေ့ မွန်းလွဲအချိန်က လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချိုက မိမိတို့ဌာနသည် သတင်းများရေးသားနေရသောကြောင့် သတင်းရေးသားရာတွင် အဓိကအခြေခံသဘောတရားများကို သိရှိနားလည်းတတ်ကျွမ်းထားရမည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ သတင်းများ မှန်ကန်မြန်ဆန်စွာပေးပို့ခြင်းများကို မဖြစ်မနေတတ်သိနားလည်ထားရမည်ဖြစ်သည့်အတွက် ယခုသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းနှင့် သင်တန်းပြီးဆုံးသည့်နောက်ပိုင်းတွင်လည်း ဆက်လက်ဆည်းပူးလေ့ကျင့်သွားကြရန်လိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား/သင်တန်းသူ (၈)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလ မတ်လ ၅ ရက်မှ ၇ ရက်နေ့ထိ ဝေါဟာရရှင်းလင်းချက်၊ အခြေခံသတင်းစာပညာ၊ သတင်းအချက်အလက်စုဆောင်းခြင်း၊ သတင်းရေးသားခြင်း၊ သတင်းပေးပို့နည်း၊ သတင်းသမားလိုက်နာရမည့် ကျင့်ဝတ်နှင့် စည်းကမ်းများ စသည့်ဘာသာရပ်များကို လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချိုနှင့် ဦးစိုင်းထွန်းနေလှိုင်(လောက်ကိုင်ခရိုင်ရုံး)၊ လက်ထောက်ညွှန်ကြားရေးမှူး(တာဝန်ပေး)တို့က စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)