ကျိုက်မရော မတ် ၆
၂၀၂၄ ခုနှစ်၊ နှစ် (၅၀) ပြည့် ရွှေရတုမွန်ပြည်နယ်နေ့အထိမ်းအမှတ် မြို့နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၃) နာရီအချိန်က ကျိုက်မရောမြို့ မြို့မဘောလုံးအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်သည်။
ဦးစွာ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦးက အဖွင့်အမှာစကားပြောကြားပြီး အမျိုးသား အလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါဘောလုံးပြိုင်ပွဲ အား အသင်း (၈) သင်းဖြင့် မတ်လ ၅ ရက်နေ့မှ မတ်လ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။ ဘောလုံးပွဲ ပထမနေ့ပွဲစဥ်တွင် N.K.L.K အသင်းနှင့် Future Light အသင်းတို့ ပါဝင်ယှဥ်ပြိုင်ကစားခဲ့ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီမှ သိရသည်။
မိချို (ပြန်/ဆက်)