ရန်ကင်းမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအသိပညာပေးရှင်းလင်းဟောပြော

ရန်ကင်း မတ် ၆

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ်(၂)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးကျော်ကျော်က အမှာစကားပြောကြားရာတွင်ပြည်သူ့စစ်မှုထန်းဥပဒေနှင့်ပတ်သက်၍ သိကောင်းစရာများ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းထားရှိခြင်းနှင့် လုပ်ငန်းတာဝန်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်ရန် သတ်မှတ်ထားသည့် အသက်အရွယ်နှင့် အချိန်ကာလ၊ ပြည်သူ့စစ်မှုထမ်း၏ ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းဥပဒေ ရည်ရွယ်ချက်၊ ဥပဒေပါအဓိပ္ပါယ်ဖော်ပြချက်၊ ပြည်သူ့စစ်မှုထမ်းခြင်းမှကင်းလွတ်ခွင့်ရရှိသူများစသည်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်ဌာနဆိုင်ရာများနှင့်ရပ်ကွက်အုပ်ချုပ်​ရေးမှူးများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးကြရာတာဝန်ရှိသူများက ပြန်လည်ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)