သတင်းများ

တံတားမြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေးနည်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Jul 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ဇူလိုင်လ ၂၃ ရက်နေ့ နံနက် (၁၀)နာရီအချိန်က တံတားမြို့ အမှတ်(၁) ရပ်ကွက်အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့သွားရောက်၍ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့်အသိပညာပေးဟော ပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ခရမ်းမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲ ကျင်းပ
Jul 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူးနှင့်ဝန်ထမ်းများတွေ့ဆုံပွဲအခမ်းအနားကို ဇူလိုင်လ ၂၂ ရက်နေ့နံနက်ပိုင်းက ခရမ်းမြို့ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လှိုင်သာယာ-ဒလ-တွံတေးကားလမ်း ဘေးဝဲယာ မိုင်တိုင် ၆/၂ မှ ၇/ဝ အထိ ၂ဝ၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် စတုတ္ထအကြိမ် ကျင်းပ
Jul 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ တမံကြီးကျေးရွာအုပ်စု၊ မိုင်တိုင် ၆/၂ မှ ၇/ဝ အထိ၊ လှိုင်သာယာ-ဒလ-တွံတေးလမ်း၌ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းသာယာစိုပြည်စေရေးအတွက် ၂ဝ၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် (ပဉ္စမအကြိမ်)အား တွံတေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် လမ်းဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇူလိုင် ၂၃ ရက် နံနက် ၈ နာရီ တမံကြီးကျေးရွာအုပ်စု၊ တွံတေး-လှိုင်သာယာကားလမ်းဘေး မိုင်တိုင် (၆/၂ မှ ၇/၀)တွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်၊ RC(၄)ထပ်တိုက် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးဆောင်ရွက်‌နေမှုအား တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း၊ရေ၊လေ) ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် လာရောက်ကြည့်ရှုစစ်ဆေး
Jul 25,2025
မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်၊ အကွက် (၆၅၅)၊ ၃၈ လမ်း၊ ၇၈×၇၉ လမ်းကြားရှိ ဦးခင်မောင်ဝင်း၊ ပိုင်ဆိုင်သည့် RC (၄) ထပ်တိုက် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးဆောင်ရွက်‌ နေမှုကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက လာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးသော အသက်ကယ်အင်္ကျီများ ပေးအပ်ပွဲပြုလုပ်
Jul 25,2025
ကိုကိုးကျွန်းမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သော အသက်ကယ်အင်္ကျီပေးအပ်ပွဲကို ဇူလိုင် ၂၂ ရက် နေ့လယ်ပိုင်းက ကိုကိုးကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံမှုဖြင့် ​မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပရဟိတလုပ်ဆောင်သော ပြည်သူများအား ကိုကိုးကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ တာဝန်ယူပေးဝေခဲ့ကြောင်း သိရသည်။
မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် အားကစားဝန်ကြီးဌာနတို့ပူးပေါင်း၍ ကိုယ်လုံပညာသင်တန်း ဖွင့်လှစ်
Jul 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် အားကစားဝန်ကြီးဌာနတို့ပူးပေါင်း၍ ကိုယ်လုံပညာသင်တန်းဖွင့်ပွဲကို ဇူလိုင်လ ၂၂ ရက်နေ့  နေ့လယ် (၁၂)နာရီအချိန်က မြို့နယ်အားကစားခန်းမတွင် ပြုလုပ်ခဲ့သည်။
ကိုကိုးကျွန်းမြို့နယ်ရုံးတွင် ပုံပြောပြိုင်ပွဲပြုလုပ် ကျင်းပ
Jul 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဇူလိုင်လ ၂၂ ရက်နေ့ ညနေပိုင်းတွင် ပုံပြောပြိုင်ပွဲပြုလုပ်ကျင်းပခဲ့သည်။
ဟင်္သာတမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား UID (Smart) ကတ်များ ဆောင်ရွက်ပေးလျက်ရှိ 
Jul 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင်  နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား   (Biometric) အချက်အလက် ကောက်ယူခြင်းနှင့် (Unique ID) ထုတ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် မြန်မာ့စီးပွားရေးဘဏ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများက  ဆောင်ရွက်ပေးလျက်ရှိသည်။