ကိုကိုးကျွန်းမြို့နယ်ရုံးတွင် ပုံပြောပြိုင်ပွဲပြုလုပ် ကျင်းပ

ကိုကိုးကျွန်း ဇူလိူင်၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဇူလိုင်လ ၂၃ ရက်နေ့ ညနေပိုင်းတွင် ပုံပြောပြိုင်ပွဲပြုလုပ်ကျင်းပခဲ့သည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီအရာရှိဦးထွန်းထွန်းဇော်မှ ပုံပြောပြိုင်ပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ကျောင်းသားလူငယ်များအနေဖြင့် အသိပညာအတတ်ပညာများ၊ အတွေ့အကြုံဗဟုသုတများရရှိစေရန် ပြိုင်ပွဲများကိုပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း လူငယ်များအနေဖြင့်လည်း ​မိမိတို့ဌာနမှပြုလုပ်ပေးသည့်ပြိုင်ပွဲများကို ဝင်ရောက်ယှဥ်ပြိုင်စေလိုကြောင်း လူငယ်များမှပြိုင်ပွဲတိုင်းကိုဝင်ရောက်ယှဥ်ပြိုင်ခြင်းဖြင့် စကားပြောစွမ်းရည်နှင့် လူအများအရှေ့တွင်ရဲဝံ့စွာပြောဆိုနိုင်သည့်အလေ့ကျင့်ကောင်းများရှိလာပြီး ထူးချွန်ထက်မြက်သည့်လူငယ်များဖြစ်လာမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မနှင်းဖွေးပုံပြင်စာအုပ်မှ တန်ဖိုးကိုယ်စီးခေါင်းစဥ်ဖြင့်ပုံပြောပြိုင်ပွဲကိုကျင်းပရာ ဝင်ရောက်ယှဥ်ပြိုင်သူ ၁၅ ဦးရှိကြောင်း သိရသည်။ အဆိုပါပုံပြောပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်သူများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းဇော်က အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)