အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Jul 25,2025
အနာဂတ်၏ လူငယ်များ ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ အားကစားနှင့် ကာယပညာသိပ္ပံ (မန္တလေး)၊ အားကစားနှင့်လူငယ်ရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ပညာရေးပေါင်းစပ်သင်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော "လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ" ကို ယနေ့နံနက် (၉:၃၀) နာရီက အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။