သတင်းများ

ပေါက်ခေါင်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများထွက်ရှိ
Jul 28,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(ပေါက်ခေါင်း)ကျောင်း၌ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ရန်ကုန်-မန္တလေးကားလမ်းမှ  ရိုးကန်-ကန်သာ(စီးပွားရေးတက္ကသိုလ်အဝင်)လမ်း  ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက်
Jul 28,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်-မန္တလေး ကားလမ်းမှ ရိုးကန် - ကန်သာ(စီးပွားရေးတက္ကသိုလ်အဝင်)လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက် လျက်ရှိသည်။
ချောင်းဆုံမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း ၅၈ ဒသမ ၅၉ ရာခိုင်းနှုန်းရှိ
Jul 28,2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ၂၀၂၅ ခုနှစ် မတ်လအတွင်း ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ(Grade-12)ကို ချောင်းဆုံ(အထက)စာစစ်ဌာန၌ ဖြေဆိုပြီးစီးခဲ့ပြီး ယမန်နေ့နံနက်ပိုင်းက တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းအား Online နှင့် မြို့နယ်ပညာရေးမှူးရုံးရှေ့တို့တွင် ထုတ်ပြန်ခဲ့ရာ မြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) ကို ကျောင်းသား၊ ကျောင်းသူ (၅၉၄)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၄၈)ဦး ဖြေဆိုအောင်မြင်ခဲ့သည့်အတွက် အောင်ချက်ရာခိုင်နှုန်း (၅၈.၅၉)ရာခိုင်းနှုန်း ဖြေဆိုအောင်မြင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တွံတေးမြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ အထူးကုဆရာဝန်ကြီးများအဖွဲ့က နယ်လှည့်ကွင်းဆင်း (အခမဲ့) ဆေးကုသပေးခြင်း ဆောင်ရွက်
Jul 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏အစီအစဉ်ဖြင့် ပြည်သူ့ဆေးရုံကြီး သန်လျင်မြို့မှ အထူးကုဆရာဝန်ကြီးများ၏ ကွင်းဆင်းကုသရေးအစီအစဉ်ကို တွံတေးမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ဇူလိုင် ၂၅ ရက် နံနက် ၉ နာရီအချိန်က တွံတေးမြို့ ပြည်သူ့ဆေးရုံဝန်းအတွင်း ဆောင်းရွက်ခဲ့ကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် ၅၉.၂၂ ရာခိုင်နှုန်းရှိ
Jul 28,2025
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင် (Grade-12) စာမေးပွဲ အောင်စာရင်းများကို ဇူလိုင် ၂၇ ရက် နံနက် ၆ နာရီက အ.ထ.က (ကျိုက်မရော)နှင့် မြို့နယ်ပညာရေးမှူးရုံးရှေ့၌ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်စာရင်း ထုတ်ပြန်ကြေညာ
Jul 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂ဝ၂၅ ခုနှစ် မတ်လ(၁၇) ရက်နေ့မှ ပြုလုပ်ခဲ့သည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်စာရင်းကို စာစစ်ဌာန(၂)ခုတွင် ယမန်နေ့နံနက်ပိုင်းက သက်ဆိုင်ရာစာစစ်ဌာနများတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၂၀ ဦး ဖြေဆိုအောင်မြင်
Jul 28,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယမန်နေ့နံနက် ၆ နာရီက အထက(ပန်းတောင်း)၊ အ.ထ.က ဆင်တဲ၊ အ.ထ.က ထုံးဘို၊ အ.ထ.က ဥသျှစ်ပင်၊ အ.ထ.က ရှားဖြူကွင်း၊ အ.ထ.က ဂုံညှင်းတန်းစာစစ်ဌာန(၆)ခုတို့တွင် ထုတ်ပြန်ကြေညာခဲ့ရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၂၀  ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်၌  ပလတ်စတစ် သုံးစွဲမှု လျှော့ချရေးနှင့် အမှိုက်ခွဲခြားစွန့်ပစ်မှုစနစ် သရုပ်ပြခြင်းကွင်းဆင်းဆောင်ရွက်
Jul 28,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ ပြည်သူများအား အမှိုက်အမျိုးအစားခွဲခြား၍ စနစ်တကျစွန့်ပစ်နိုင်စေရန် သရုပ်ပြခြင်းကွင်းဆင်းဆောင်ရွက်မှုကို ယနေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ် ၊ ကံလှစျေး၌ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရှိဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။