တောင်ငူမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ
Jul 28,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၇ ရက်နေ့မှစတင်၍ စာစစ်ဌာန(၄)ခု၌ ဖြေဆိုခဲ့ပြီးဖြစ်ရာ ယမန်နေ့နံနက်(၆)နာရီအချိန်တွင် အဆိုပါစာစစ်ဌာနများဖြစ်သည့် အထက (၂)၊ အထက (၄)၊ အထက (လေးမိုင်)၊ အထက (နတ်စင်ကုန်း)နှင့် မြို့နယ်ပညာရေးမှူးရုံးတို့၌ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ထုတ်ပြန်ကြေညာသည်။