သတင်းများ

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း တံတားမြို့၌ ထုတ်ပြန်ကြေငြာ
Jul 28,2025
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းကို ယမန်နေ့ နံနက်(၆)နာရီမှစ၍ မြန်မာတစ်နိုင်ငံလုံးတပြိုင်တည်းထုတ်ပြန်ကြေငြာခဲ့ရာ သန်လျင်ခရိုင် တံတားမြို့၏ စာစစ်ဌာနဖြစ်သော အ.ထ.က စာစစ်ဌာန၌ အောင်စာရင်းထုတ်ပြန်ကြေငြာထားသည်ကို တွေ့ရသည်။
ကန်ကြီးထောင့်မြို့နယ်၌ နယူးဧရာ-၁၁ စပ်မျိုး စပါးစံပြကွက် စိုက်ပျိုးခြင်းသရုပ်ပြ
Jul 28,2025
ဧရာဝတီတိုင်းဒသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးပန်းတိုင် အထွက်နှုန်းကျော်လွန်ထွက်ရှိရေးအတွက် နယူးဧရာ-၁၁ စပ်မျိုး စပါးစံပြကွက်စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ကွင်းယားအရှေ့ကျေးရွာအုပ်စု၊ ကွင်းယားအရှေ့ကျေးရွာတွင် ပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့နယ် အခြေခံပညာမူလတန်းကျောင်း(စျေးကြီး)တွင် ကျောင်းအခြေပြုကျန်းမာရေးလုပ်ငန်းများဆောင်ရွက်
Jul 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အာဟာရဖွံ့ဖြိုးရေး၊ အစားအစာဘေးအန္တရာယ်ကင်းဝေးရေးနှင့် ရောဂါကာကွယ်နိုင်ရေးရည်ရွယ်၍ ကျောင်းအခြေပြုကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများအား ယနေ့နံနက်ပိုင်းက အခြေခံပညာမူလတန်းကျောင်း(စျေးကြီး)တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
‌နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံဖြိုးရေး ကွင်းဆင်းဆောင်ရွက်
Jul 28,2025
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးဇေယျာလင်းတို့သည် တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၂၆ ရက် ညနေ ၄ နာရီက မကျီးပင်ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာနှင့် မကျီးပင်ကျေးရွာများအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။  
စမ်းချောင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့၀န်ထမ်းများအား UID ကောက်ယူခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Jul 28,2025
ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင် စမ်းချောင်းမြို့နယ်၌ UID ကောက်ယူခြင်းလုပ်ငန်းကို ဇူလိုင် ၂၆ ရက်နေ့က ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
အလုံမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်စာရင်းထုတ်ပြန်ရာ ဂုဏ်ထူးဖြင့်‌ အောင်မြင်သူ(၁၂)ဦးရှိ
Jul 28,2025
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်စာရင်းကို ယမန်နေ့နံနက်က အလုံမြို့နယ် အ.ထ.က (၄) စာစစ်ဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတွင် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
တပ်ကုန်းမြို့နယ် ရွှေဥဒေါင်းကျေးရွာ စာကြည့်တိုက်နှင့် သပြေကုန်းကျေးရွာ စာကြည့်တိုက်အဆောက်အအုံသစ်ဖွင့်ပွဲ ကျင်းပ
Jul 28,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ရွှေဥဒေါင်းကျေးရွာ “သုတရောင်ခြည် ” စာကြည့်တိုက်နှင့်သပြေကုန်းကျေးရွာ “ပညာလင်းရောင်‌ခြည်” စာကြည့်တိုက်အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါစာကြည့်တိုက်များရှေ့၌ ကျင်းပခဲ့ရာ တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရာက်ကြသည်။
ငပုတောမြို့နယ် ဖျန်ရေကျော်ကျေးရွာ၌ နယူးဧရာ-၁၁(F-1) မိုးစပါးစုပေါင်း ကောက်စိုက်ပွဲကျင်းပ
Jul 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ဖျန်ရေကျော်ကျေးရွာ၌ နယူးဧရာ၁၁(F1) မိုးစပါးစုပေါင်းကောက်စိုက်ပွ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကွင်းအမှတ် ၁၃၇၂(က)၊ ဦးပိုင်အမှတ် ၁၈/၁ တောင်သူ ဦးသိန်းထွေး၏လယ်မြေ (၂.၀၀)ဧကတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။