မိုင်းဖြတ်မြို့နယ်၌ အသက်​မွေးဝမ်း​​ကျောင်းဆိုင်ရာ မွေးမြူ​ရေးလုပ်ငန်းအ​ကြောင်း အသိပညာ​ပေးဟော​ပြောပွဲ ကျင်းပ

မိုင်းဖြတ် ဇန်နဝါရီ ၂၂

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အသက်​မွေးဝမ်း​ကြောင်းဆိုင်ရာ  မွေးမြူ​ရေးလုပ်ငန်းအ​ကြောင်း အ​ထောက်အကူပြု အသိပညာ​ပေး​ဟော​ပြောပွဲကို ယမန်​နေ့ နံနက်ပိုင်းက ဟိုခန့်​ကျေးရွာရှိ ဘုန်း​တော်ကြီး​ကျောင်း၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

​ရှေးဦးစွာ မြို့နယ်​မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးဌာနမှ ​ဒေါက်တာထွန်း​ဝင်းက ​ကျေးရွာ​နေပြည်သူများအ​နေဖြင့် ​မွေးမြူ​ရေးလုပ်ငန်းဖြင့် အသက်​မွေးဝမ်း​ကျောင်းပြုရာတွင် စနစ်တကျ​မွေးမြူနိုင်ရေး၊ ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိ​ရောက်သဖြင့် တိရစ္ဆာန်များကို ကူးစက်ရောဂါများ မဖြစ်ပွား​အောင် ပုံမှန်ကာကွယ်​ဆေးထိုးနှံ​ရေး ကြက်၊ ဝက်၊ နွားများကို စနစ်တကျ​မွေးမြူခြင်းဖြင့် ရရှိလာမည့် မိသားစုဝင်​ငွေ အကျိုးရလဒ်များကို ပညာ​ပေး​ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ​ဒေါ်​အေးဝင်းခိုင်က စာ​ဖတ်ရှိန်မြှင့်တင်​ရေးအတွက် ​တောင်သူများအ​နေဖြင့်  ​မွေးမြူ​ရေးလုပ်ငန်းများကို လုပ်ကိုင်​ဆောင်ရွက်ရာတွင် နည်းပညာများကို စိုက်ပျိုး​ရေးဆိုင်ရာစာ​ပေများတွင်​ လေ့လာဖတ်ရှုနိုင်​ကြောင်း ရှင်းလင်း​ပြောကြားခဲ့သည်။ ယင်း​နောက် ​ဒေါက်တာထွန်း​​ဇော်ဝင်းက တိရစ္ဆာန်​ရောဂါကာကွယ်​ဆေးများကို (အခမဲ့) ​ထောက်ပံ့​ပေးအပ်ခဲ့​ကြောင်း သိရသည်။

​သန်းထွန်း​အေး(ပြန်/ဆက်)