ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အကြို (၉၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ဒဂုံဆိပ်ကမ်း ဇန်နဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အကြို (၉၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးဖလားဘောလုံးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က အမှတ် (၉၃) ရပ်ကွက်၊ ဗေဒါလမ်းနှင့် စိမ်းလဲ့ကန်သာလမ်းရှိ အုပ်ချုပ်ရေးမှူးရုံးရှေ့ အားကစားကွင်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသူက အဖွင့်အမှာစကားပြောကြားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးကိုက အုပ်ချုပ်ရေးမှူးဖလားဘောလုံးပြိုင်ပွဲကျင်းပ ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။

အဆိုပါအုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ဘောလုံးဝါသနာရှင်များ တက်ရောက်ခဲ့ကြပြီး စုစုပေါင်းပြိုင်ပွဲဝင်အသင်း (၁၀) သင်းတို့မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ ဖွင့်ပွဲ ပွဲစဉ်အနေဖြင့် ယခင်ကျားကျောင်းအသင်းနှင့် ကတို့ဆိပ်အသင်းတို့မှ စတင်ယှဉ်ပြိုင်ကစားကြရာ ကျားကျောင်းအသင်းက ကတို့ဆိပ်အသင်းကို ၅ ဂိုး ၂ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ အဆိုပါဘောလုံးပြိုင်ပွဲများကို ဇန်နဝါရီလ ၂၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

အေးမဉ္ဇူ