မိုင်းခတ် ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ဝမ်ခုတ်ကျေးရွာအုပ်စု ပင်းကွေကျေးရွာတွင် စိုက်ပျိုးထားသော ဆီထွက်သီးနှံနေကြာစိုက်ခင်းကွင်းသရုပ်ပြပွဲကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သရုပ်ပြဆောင်ရွက်မှုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်ဦးစိုင်းအေးမောင်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဦးယုမောင်နှင့် ဌာနဆိုင်ရာအဖွဲ့ဝင်များက မိုင်းခတ်မြို့နယ်၊ ဝမ်ခုတ်ကျေးရွာအုပ်စု၊ ပင်းကွေကျေးတွင် သီးနှံစိုက်ပျိုးထားသည့် တောင်သူဦးပေါလု၏ ဆီထွက်သီးနှံနေကြာစိုက်ခင်းတွင် ပြုလုပ်သည့် စိုက်ခင်းကွင်းသရုပ်ပြပွဲကို ကွင်းဆင်းကြည့်ရှုပြီး စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)