ကံမ ဇန်နဝါရီ ၂၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ပြည်သူ့စစ်(ဌာနေ) အခြေခံစစ်ပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို မြို့နယ်ခန်းမ၌ ယနေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးအုန်းဌေးက သင်တန်းဖွင့်ပွဲ အမှာစကားပြောကြားခဲ့ပြီး ကျေးရွာအုပ်စုများမှ ပြည်သူ့စစ်သင်တန်းသို့ တက်ရောက်မည့် သင်တန်းသားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် အဖွဲ့ဝင်များက ဝတ်စုံများ ပေးအပ်ခဲ့ကြသည်။ ပြည်သူ့စစ်(ဌာနေ) အခြေခံစစ်ပညာသင်တန်းအား ဇန်နဝါရီ (၂၂)ရက်မှ ဖေဖော်ဝါရီ (၂)ရက်နေ့အထိ သင်တန်းကာလ (၁၂)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး ကျေးရွာအုပ်စု (၅)အုပ်စုမှ သင်တန်သား (၈၉)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)