တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၄) ကျင်းပ

မုံရွာ၊ ဇန်နဝါရီ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၄) ကို ယနေ့နံနက် (၁၀)နာရီက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး (DICA) အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့၊ ဥက္ကဋ္ဌလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး နှင့်  တိုင်းဒေသကြီး မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့ဝင်များ၊ တပ်ဖွဲ့/ဌာန များ တက်ရောခဲ့ကြသည်။

ဦးစွာ  တိုင်းဒေသကြီးမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌက တက်‌ရောက်လာကြသူများအနေဖြင့် မိမိတို့ တိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ကြိုစားဆောင်ရွက်ကြဖို့ လိုအပ်ပါကြောင်းနှင့် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန်နှင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အားလုံးပူးပေါင်း လုပ်ကိုင်ကြစေကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော တိုင်းဒေသကြီးမူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဝင်များ၊ တပ်ဖွဲ့/ဌာနများ သက်ဆိုင်ရာ ကဏ္ဍအလိုက်  တင်ပြဆွေးနွေးခဲ့မှုများပေါ်   လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ဖြည့်စွက်ဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီးနောက်  နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)