စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ အောင်ကြီးနှင့် တာဝန်ရှိသူများ တပ်ကုန်းမြို့နယ် အောင်မြေရိပ်သာကျေးရွာအနီး၊ ဝက်မွေးမြူရေးခြံ လာရောက်ကြည့်ရှု

တပ်ကုန်း ဖေဖော်ဝါရီ ၁၈

​ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အောင်မြေရိပ်သာကျေးရွာ အနီး၊ ဝက်မွေးမြူရေးခြံသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးနှင့်တာဝန်ရှိသူများ ယမန်နေ့နံနက်ပိုင်းက လာရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ဝက်မွေးမြူရေးခြံ ရှင်းလင်းဆောင်တွင် မွေးမြူရေးခြံပိုင်ရှင်နှင့်တွေ့ဆုံ၍ ဦးအောင်မိုးထွန်းက ဝက်မွေးမြူရေးခြံ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက မြေပြင်အခြေအနေနှင့်စာရင်းဇယားများ တိကျစွာ လုပ်ဆောင်ရန်၊ ဘေးထွက်ဆိုးကျိုးများ မဖြစ်ပွားစေရေး အထူးဂရုပြုစေရန် လမ်းညွှန်မှာကြား ခဲ့ပြီးနောက် ဝက်မွေးမြူထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက်  ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများ တပ်ကုန်းမြို့နယ် သပြေချောင်းကျေးရွာအုပ်စု၊ ဇီဝ လုံခြုံမှုအဆင့်(၂)၊ ရွှေမြို့ ခွာနာလျှာနာရောဂါ ရှာဖွေရေးဓာတ်ခွဲခန်းတွင် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ရာ ညွှန်ကြားရေးမှူး ဒေါက်တာ မင်းသိမ်းမော်၊ လက် ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမြင့်မော်တို့က မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနပိုင်မြေတွင် အဆောက်အဦများ တည်ဆောက်ပြီးစီးမှုအခြေအနေနှင့် သုတေသနလုပ်ငန်းများဆောင်ရွက်မှု အခြေအနေအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် ဒုတိယဝန်ကြီးက လိုအပ်သည်များလမ်းညွှန် မှာကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများ တပ်ကုန်းမြို့နယ်၊ သပြေချောင်းကျေးရွာအုပ်စု၊ ရွှေမြို့ လျှိုပိတ်တမံတည်ဆောက်သည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် မြို့နယ်ဆည် မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဇော်က လျှိုပိတ်တမံတည်ဆောက်ပြီးစီး မှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးက လျှိုပိတ်တမံအား မွေးမြူရေးနှင့်ကုသ ရေးဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်းပေး​ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

တင်စိုးလွင်