ငဖဲ ဖေဖော်ဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ပြည်သူအများ ပြည်သူ့စစ်မှုထမ်းဉပဒေအကြောင်းအရာများကို ပြည့်ပြည့်စုံစုံသိရှိစေရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာသိကောင်းစရာများအသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
အသိပညာပေးဟောပြောပွဲတွင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌဦးကျော်စိုးက ပြည်သူ့စစ်မှုထမ်းဉပဒေအသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး မြို့နယ်ဉပဒေအရာရှိဦးမျိုးကိုကိုဟိန်းက နိုင်ငံသားတိုင်းသည်ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက်စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဉပဒေကို ရည်ရွယ်ပြဌာန်းခြင်းဖြစ်ကြောင်း၊ စစ်မှုထမ်းရမည့်အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊စစ်မှုထမ်းရမည့်သူများ၊ ပြည်သူ့စစ်မှုထမ်းမှကင်းလွတ်ခွင့်ပြုခြင်း၊ ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာ ဉပဒေပုဒ်မ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များကို အသိပညာပေး ဆွေးနွေးပြောကြားသည်။
ထို့နောက်တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့်ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများက ပြည်သူ့စစ်မှုထမ်းဉပဒေနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းရာ မြို့နယ်ဉပဒေအရာရှိ ဦးမျိုးကိုကိုဟိန်းက ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများက ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)