သတင်းများ

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် မိုးညိုမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်‌ ဒေသဖွံ့ဖြိုး‌လုပ်ငန်းများအား ကြည့်ရှု
Feb 18,2024
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ သာယာကုန်းအုပ်စု၊ ကွင်းအမှတ်(၆၇)၊မိုးညို - မင်းလှ ကားလမ်းမိုင်တိုင်အမှတ် (၁၆/၂) နှင့် (၁၆/၃) ကြားရှိ ဦးသက်နိုင်ထွန်း၏ ငါးမွေးကန်သို့ ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲ အချိန်က ရောက်ရှိလာရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိနှင့် အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာများက ကြိုဆိုခဲ့ကြပြီး ငါးမြစ်ခြင်း၊ ငါးကြင်းရွှေဝါ၊ ငါးခေါင်းပွ၊ ငါးမုတ် စသည့် ငါးကောင်ရေ (၂၈၀၀၀၀)ခန့် မွေးမြူထားသည့် ငါးမွေးကန်နှင့်‌ နွေစပါး (၅)ဧက စိုက်ပျိုးထားရှိမှုအား ကြည့်ရှုအား‌ပေးခဲ့သည်။
မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် စိုက်ပျိုးရန် ပွင့်မာလာပန်း ဥယျာဉ်ခြံ၌ ပန်းအလှပင်များ ပြုစုပျိုးထောင်ထားရှိ
Feb 18,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ပွင့်မာလာပန်းခြံအတွင်း ပန်းအလှပင် ၂၀၀၀ ခန့် ပျိုးထောင်ထိန်းသိမ်းထားရှိကြောင်းနှင့် အဆိုပါ ပန်းအလှပင်များကို ကြီးထွားအောင်မြင်စေရေးအတွက် ယမန်နေ့က မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ ဝန်ထမ်းများက ပျိုးအိတ်များ လဲလှယ်ခြင်း၊ ရေလောင်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ စံပြရွာရပ်ကွက်အတွင်းရှိ အသက်ခြောက်လအထက်ငါးနှစ်အောက် ကလေးသူငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးဆောင်ရွက်
Feb 18,2024
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ စံပြရွာရပ်ကွက်အတွင်းရှိ အသက်ခြောက်လ အထက် ငါးနှစ်အောက် ကလေးသူငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်စုရပ်နေရာတွင် လိုက်လံတိုက်ကျွေးပေး ခဲ့ကြသည်။ 
မော်လမြိုင်ကျွန်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲပြုလုပ်
Feb 18,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောပွဲကို အမှတ် (၁) ရပ်ကွက်၊ အမှတ် (၃) လမ်း၊ မဟာထူပါရုံ စေတီတော်မြတ်ကြီး၏ ဗိမ္မာန်တော်အတွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ခေတ်စနစ်နှင့်အညီ စပါးများ အထွက်တိုးကာ နိုင်ငံတော်၏ စပါးကျီအတွင်း ဖြည့်တင်းပေးနေသော လယ်သမားများ
Feb 18,2024
လယ်ယာစိုက်ပျိုး‌ရေးကို တစ်စိုက်မတ်မတ် ကြိုးစားကာ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော တောင်သူလယ်သမားများသည် ခေတ်စနစ်နှင့်အညီ တိုးတက်လျက်ရှိပြီး လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းလုပ်ကိုင်၍ စပါးများအထွက်တိုးကာ နိုင်ငံတော်၏ စပါးကျီအတွင်း  ဖြည့်တင်းလျက်ရှိပေသည်။
(၇၃) ကြိမ်မြောက် ပြာသိုလ သာမဏေကျော် စာလျှောက်မေးခမ်း ဘွဲ့ပုံတော်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ
Feb 18,2024
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက် ၁၂၀၀ မှ ၁၅၀၀ ချိန်ထိ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ ၃၄×၃၅ လမ်းကြား၊ ၈၅ လမ်းရှိ ပရိယတ္တိသာသနာ့ဟိတအသင်း၊ သာသနာ့ဗိမာန်တော်ကြီးတွင် ယမန်နေ့ နေ့လယ် (၁၂) နာရီက  (၇၃) ကြိမ်မြောက် ပြာသိုလ သာမဏေကျော် စာလျှောက်မေးခမ်း ဘွဲ့ပုံတော်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေသောင်ယံမြို့ မကျီးဇင်ကျေးရွာအုပ်စုတွင် ပုသိမ်မြို့နယ် စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ ပါဝင်သော အဖွဲ့မှ ပြည်သူလူထုနှင့် တွေ့ဆုံပွဲ ပြုလုပ်
Feb 18,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်​မြို့နယ်၊ ရွေသောင်ယံမြို့၊ မကျီးဇင်ကျေးရွာအုပ်စု၊ မကျီးဇင်ကျေးရွာဘုန်းတော်ကြီးကျောင်းတိုက်တွင် ယမန်နေ့ နံနက် (၁၁) နာရီက ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်သော ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့မှ မကျီးဇင်ကျေးရွာအုပ်စု၊ ဘောမိကျေးရွာအုပ်စုရှိ ပြည်သူများနှင့် တွေ့ဆုံပွဲ ပြုလုပ်ကာ ဒေသလိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
မင်းလှမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာသူကရင်တိုင်းရင်းသားများအား ဆန်နှင့်ဆီများ‌ထောက်ပံ့ ပေးအပ်
Feb 18,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၆) ရပ်ကွက်၊‌ မြောက်ဘက်မြို့ သစ်(၉)လမ်းရှိ မြို့နယ်ကရင်စာပေနှင့်ယဉ် ကျေးမှုကော်မတီဥက္ကဋ္ဌနေအိမ်တွင် ယာယီနေရပ် စွန့်ခွာသူများ အားကူညီပံ့ပိုးရေးကော်မတီမှ ယာယီနေရပ်စွန့်ခွာသူ ကရင်တိုင်းရင်းသား များအား ဆန် နှင့် ဆီများပေးအပ်ခြင်းကို ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ် ၁ နာရီခွဲချိန်ကပြုလုပ်ခဲ့သည်။