ရွှေသောင်ယံ ဖေဖော်ဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရွေသောင်ယံမြို့၊ မကျီးဇင်ကျေးရွာအုပ်စု၊ မကျီးဇင်ကျေးရွာဘုန်းတော်ကြီးကျောင်းတိုက်တွင် ယမန်နေ့ နံနက် (၁၁) နာရီက ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်သော ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့မှ မကျီးဇင်ကျေးရွာအုပ်စု၊ ဘောမိကျေးရွာအုပ်စုရှိ ပြည်သူများနှင့် တွေ့ဆုံပွဲ ပြုလုပ်ကာ ဒေသလိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ရှေးဦးစွာ ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးမှ ပြည်သူများ သိသင့်သိထိုက်သည်များကို ဆွေးနွေးပြောကြားပါသည်။
ထို့နောက် ရွှေသောင်ယံမြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်မှ နယ်မြေတွင်း အေးချမ်းတည်ငြိမ်မှုရှိအောင် မဖြစ်သင့်တာများ မဖြစ်အောင် ဌာနဆိုင်ရာများနှင့် ချိတ်ဆက်ပြီး ပေါင်းစပ်ညှိနှိုင်းဖို့ ပြောကြားပါသည်။
ဆက်လက်၍ မကျီးဇင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပါသည်။
ထို့နောက် တက်ရောက်လာကြသော မြို့အဆင့် ဌာနဆိုင်ရာများမှ မိမိတို့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ရှင်းလင်တင်ပြပြီး တွေ့ဆုံပွဲ တက်ရောက်လာကြသော ပြည်သူများမှ ဒေသလိုအပ်ချက်များ၊ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲ အခမ်းအနားသို့ ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ရွှေသောင်ယံမြို့ အုပ်ချုပ်ရေးမှူးနှင့် မြို့အဆင့် ဌာနဆိုင်ရာများ၊ မကျီးဇင်၊ ဘောမိကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများ စုစုပေါင်းအင်အား (၂၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရွှေသောင်ယံ(ပြန်/ဆက်)