မင်းလှ ဖေဖော်ဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၆) ရပ်ကွက်၊ မြောက်ဘက်မြို့ သစ်(၉)လမ်းရှိ မြို့နယ်ကရင်စာပေနှင့်ယဉ် ကျေးမှုကော်မတီဥက္ကဋ္ဌနေအိမ်တွင် ယာယီနေရပ် စွန့်ခွာသူများ အားကူညီပံ့ပိုးရေးကော်မတီမှ ယာယီနေရပ်စွန့်ခွာသူ ကရင်တိုင်းရင်းသား များအား ဆန် နှင့် ဆီများပေးအပ်ခြင်းကို ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ် ၁ နာရီခွဲချိန်ကပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌစောရွှေသိန်းက ထောက်ပံ့ပစ္စည်း များပေးအပ်ရခြင်းနှင့် အလှူငွေများကောက်ခံရရှိမှုအခြေအနေများကိုပြောကြားပြီး၊ မြို့နယ် ဆီကုန်သည်ကြီးများ အသင်းဥက္ကဋ္ဌ ဦးပြည့်ဖြိုးပိုင်ကစားသုံးဆီများလှူဒါန်းပေးမည့်အခြေအနေ များကိုပြောကြားသည်။
ထို့နောက် ယာယီနေရပ်စွန့်ခွာသူများအား ကူညီပံ့ပိုးရေးကော်မတီမှကောက်ခံရရှိငွေ (၁၅၅၃၀၀၀) ကျပ်အား ဆန်အိပ်များဝယ်ယူ၍ ထောက်ပံပေး အပ်ခဲ့ပြီး၊ မြို့နယ်ဆီကုန်သည် ကြီးများအသင်းမှ ဆီပိသာချိန် (၈၀)ပိသာအား ထောက်ပံ့ပေးအပ်ခဲ့သည်။
မင်းလှမြို့နယ်တွင် တောင်ပေါ်ဒေသများမှ ယာယီနေရပ်စွန့်ခွာသူ ကရင်တိုင်းရင်းသားများမှာ ကိုင်းပြင်ကြီး စာဖြူစုကျေးရွာ၌(၁၀၈)ဦး၊ စာနီစုကျေး ရွာ၌(၆၅)ဦး၊ စစ်ပြန်ကွင်းကျေးရွာ ၌(၂၂၀)ဦး၊ ဦးတိုစာဖြူစုကျေးရွာ ၌(၂၀)ဦး၊ သင်အိုင်ကျေးရွာ၌ (၁၅) ဦး၊ ကံသာယာကျေးရွာ၌ (၁၂)ဦး၊ ဖားလေး ကွင်းကျေးရွာ၌ (၄၈)ဦး၊ ဘန့်ဘွေးကုန်းကျေးရွာအနီးခြံ၌ (၂၀)ဦး စုစုပေါင်း (၄၃၈)ဦးခန့်တို့ သည်ယာယီနေထိုင်လျက်ရှိကြောင်းသိရသည်။
ပေါက်စ(မင်းလှ)