ရခိုင်ပြည်နယ် မောင်တောမြို့၌ စံပြရွာရပ်ကွက်အတွင်းရှိ အသက်ခြောက်လအထက်ငါးနှစ်အောက် ကလေးသူငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးဆောင်ရွက်

မောင်တော   ဖေဖော်ဝါရီ   ၁၈

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ စံပြရွာရပ်ကွက်အတွင်းရှိ အသက်ခြောက်လ အထက် ငါးနှစ်အောက် ကလေးသူငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်စုရပ်နေရာတွင် လိုက်လံတိုက်ကျွေးပေး ခဲ့ကြသည်။ 

ထိုသို့ ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်းလုင်ငန်းများ ဆောင်ရွက်ပေးရာတွင် ကျန်းမာရေး ဝန်ထမ်းများမှ  စံပြရွာရပ်ကွက်အတွင်းရှိ အသက်ခြောက်လအထက် တစ်နှစ်အောက် ကလေးသူငယ် များအား  ဗီတာမင်အေ (အပြာ) တစ် သိန်းအား၊ အသက်တစ်နှစ်ငါးနှစ်အောက် ကလေးသူငယ်များကို ဗီတာမင်အေ(အနီ)နှစ်သိန်းအား  နှင့် အသက် ၂ နှစ် အထက် ကလေး သူငယ်များအား သံချဆေး များကိုလည်း ရပ်ကွက်များရှိ သတ်မှတ်စုရပ်နေရာများတွင် တိုက်ကျွေးပေးလျက်ရှိသည်။ အဆိုပါ ဗီတာမင်နှင့် သံချဆေးတိုက်ကျွေးခြင်းတိုက်ကျွေးခြင်းများကို  ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့မှ ၂၃ ရက်နေ့အထိ တိုက်ကျွေးခြင်းများကို ဆောင်ရွက်မည်ဖြစ်ပြီး ရပ်ကွက်များအနေဖြင့်  ဟိန္ဒူရွာ၊ ရွာသစ် ၊ ဗိုလ်မှူးရွာ၊ ညောင်ပင်လှ၊ စံပြရွာ၊ အောင်မြေဗောဓိ၊ မြို့ဦးရွာနှင့် ဝိမလ ရပ်ကွက်တို့တွင် သတ်မှတ်နေ့ရက်များအလိုက် တိုက်ကျွေးခြင်းများကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန်  ခရိုင်(ပြန်/ဆက်)