သတင်းများ

နေပြည်တော်အတွင်း မြေယာများလုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျဖြစ်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Apr 27,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မြေယာများလုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ ဖြစ်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၈)နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Apr 27,2021
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၇/၂၀၂၁)ကို ယနေ့ နံနက် ၉ နာရီခွဲခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။
ကျောက်တော်မြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ
Apr 27,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများအား ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်အဖြစ် စတင်ထိုးနှံခြင်းအား ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံးတွင် စုရပ်အဖြစ် ကျန်းမာရေးဝန်ထမ်းများက စတင်ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့၌ အဲယားကွန်းအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား
Apr 27,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ အမှတ်(၃) ရပ်ကွက်၊ ပိုးအနောက်ရပ်တွင် ယမန်နေ့ည ၁၁ နာရီအချိန်ခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရှိရသည်။
စေတုတ္တရာမြို့နယ် သက္ကယ်တောင်ကျေးရွာတွင် ဒေသထွက်တံမြက်စည်းပင်များ ရောင်းချခြင်းဖြင့် မိသားစု စားဝတ်နေရေးအဆင်ပြေ
Apr 27,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် သက္ကယ်တောင်ကျေးရွာတွင် ဒေသထွက် တံမြက်စည်းပင်များ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း တံမြက်စည်းလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးထံမှ သိရသည်။
တပ်ကုန်း၌ ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေး စံပြစီမံကိန်းလုပ်ငန်းများအား သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်း ပေးအပ်
Apr 27,2021
နေပြည်တော်တပ်ကုန်းမြို့နယ် အေးချမ်းသာစံပြကျေးရွာအုပ်စု၊ အေးချမ်းသာစံပြကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာဆင်းရဲမှုလျော့ချရေးဗဟိုဌာန(IPRCC)တို့ ပူးပေါင်းဆောင်ရွက်ပြီးစီးခဲ့သည့် ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချရေး စံပြစီမံကိန်းလုပ်ငန်းများအား သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ အဆိုပါကျေးရွာရှိ လူထုဖွံ့ဖြိုးရေးစင်တာတွင် ကျင်းပခဲ့သည်။