သတင်းများ

မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စစ်တုရင်ပြိုင်ပွဲကျင်းပ
Feb 14,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ယနေ့နေ့လယ်(၁၂:၁၅)နာရီက စစ်တုရင်ပြိုင်ပွဲကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နွေရာသီအားကစားသင်တန်း(၅)ခု အခမဲ့ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်
Feb 14,2024
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက မြို့နယ်အတွင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နွေရာသီကျောင်းပိတ်ရက်ကာလတွင် အားကစားသင်တန်း(၅)ခုကို ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးရန်လင်းအောင်ထံမှ သိရသည်။
တမူးမြို့တွင် စားဖို​ဆောင်သီးနှံများ တနိုင်တပိုင် စိုက်ပျိုးစားသုံးမှု ပိုမိုများပြားလာ
Feb 14,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူး​မြို့နယ်အတွင်းရှိ ဒေသခံအများစုသည် မိမိတို့ခြံဝန်းအတွင်း စားဖိုဆောင်သီးနှံများဖြစ်သည့် ခရမ်းချဥ်၊ သခွား၊ ရုံးပတီ၊ ခရမ်းသီး၊ ချဥ်ပေါင်၊ ဗူး၊ ဆလပ်၊ ကန်ဇွန်းရွက်၊ နံနံ၊မုံညှင်း၊ ခဝဲ စသည့် စားဖိုဆောင်ဟင်းသီးဟင်းရွက်များကို ကိုယ်တိုင်စိုက်ပျိုးစားသုံးမှု ပိုမိုများပြားလာကြောင်း သိရသည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး ” အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Feb 14,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများအား လူကုန်ကူးခံရသူများ ရရှိနိုင်သော ဆိုးကျိုးများအကြောင်းကို အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ်တားဆီး ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ ညနေ ၃ နာရီခွဲ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
လဲချားမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကာယစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Feb 14,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကာယစွမ်းရည်ပြိုင်ပွဲကို ယနေ့ နေ့လယ် (၁)နာရီအချိန်က ကျင်းပခဲ့ပါသည်။
ဟုမ္မလင်းမြို့၌ အခြေခံစက်ချုပ်သင်တန်းအမှတ်စဥ် (၇/၂၀၂၄) ဖွင့်ပွဲကျင်းပ
Feb 14,2024
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးကလေးအလုပ် ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရေးကော်မတီမှ ဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်း အမှတ်စဥ် (၇/၂၀၂၄) ဖွင့်ပွဲကို ဖေဖော်ဝါရီ (၁၃)ရက် မွန်းလွဲ(၁)နာရီက ဟုမ္မလင်းမြို့၊ မြို့တော်ခန်းမ တွင် ကျင်းပ​ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကရသူရိမြို့၌ ကျောင်းသား/ သူများ ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးတိုးတက်စေရေး ဂိမ်းပြိုင်ပွဲများ ကျင်းပပေး
Feb 14,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ကျောင်းသား/သူများ ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးတိုးတက်ရေး ဂိမ်းပြိုင်ပွဲ များကျင်းပခြင်းကို ယမန်နေ့ ညနေ ၃ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆွမ်ပရာဘွမ်မြို့နယ် သန်းခေါင်စာရင်းကောက်ယူရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်း အဝေးပြုလုပ်
Feb 14,2024
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် မြို့နယ်သန်းခေါင်စာရင်း ကောက်ယူရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။