လဲချားမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကာယစွမ်းရည်ပြိုင်ပွဲ ကျင်းပ

လဲချား ဖေဖော်ဝါရီ ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကာယစွမ်းရည်ပြိုင်ပွဲကို ယနေ့ နေ့လယ် (၁)နာရီအချိန်က ကျင်းပခဲ့ပါသည်။

အဆိုပါပြိုင်ပွဲတွင် ဒုတိယဉီးစီးမှူး ဒေါ်ဟေမွန်ဉီးမှ ကျောင်းသား/သူ လူငယ်များအား စာကြည့်တိုက်ကို အသုံးချတတ်စေရန်၊ စာများများ ဖတ်စေရန်၊ ကာယစွမ်းရည်များပြည့်စုံစေရန်၊ ပြိုင်ပွဲများတွင် ပါဝင်ယှဥ်ပြိုင်လိုသော စိတ်များဖြစ်ပေါ်စေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ကာယစွမ်းရည်ပြိုင်ပွဲ သတ်မှတ်စည်းကမ်းချက်များကို ရှင်းပြကာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် ကျောင်းသား/သူ စုစုပေါင်း (၃၁)ဦး ပါဝင်ယှဥ်ပြိုင်ကစားခဲ့ကြပြီး ဆုရရှိသူများအား ဆုများနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)