ဟုမ္မလင်း ဖေဖော်ဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးကလေးအလုပ် ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရေးကော်မတီမှ ဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်း အမှတ်စဥ် (၇/၂၀၂၄) ဖွင့်ပွဲကို ဖေဖော်ဝါရီ (၁၃)ရက် မွန်းလွဲ(၁)နာရီက ဟုမ္မလင်းမြို့၊ မြို့တော်ခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းထောက်ပံ့ငွေ (၂၉)သိန်းကျပ်အား ပေးအပ်ချီးမြှင့်ခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းက လက်ခံခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်း/ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ မြို့မိ၊ မြို့ဖများ၊ သင်တန်းသူ(၅ဝ)ဦးနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြပြီး တာဝန်ရှိသူများနှင့် သင်တန်းသူများနှင့် အတူ အမှတ်တရမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။ သင်တန်းကို ဖေဖော်ဝါရီလ (၁၃)ရက်နေ့မှ မတ်လ(၁၁)ရက်နေ့အထိ တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းဆရာ/မများက စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမှတ် (၁၉/၁၀၀) တပ်မတော်ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံတက်ရောက်ကုသနေသည့် လူနာများအား အားပေးစကားပြောကြားခဲ့ပြီး ထောက်ပံ့ပစ္စည်း များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ထို့နောက် ဟုမ္မလင်းစိုက်သိပ္ပံကျောင်းသို့ ရောက်ရှိပြီး ဟုမ္မလင်း စိုက်ပျိုးရေးသိပ္ပံကျောင်းအုပ် ဆရာကြီး ဦးသန့်ဇင်နှင့် ဆရာ/မများ ဝန်ထမ်းများနဲ့ တွေ့ဆုံပြီး လိုအပ်ချက်များစသည်ဖြင့် ဆွေးနွေးတင်ပြခဲ့ရာ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုအပ် သည်ကိုများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဟုမ္မလင်းစိုက်ပျိုးရေးသိပ္ပံကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသား/သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားပြောကြားခဲ့ပြီး တာဝန်ရှိသူများက ဟုမ္မလင်းစိုက်ပျိုးရေးသိပ္ပံတွင် တာဝန်ထမ်းဆောင်နေသော ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)