Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
စလင်းမြို့နယ်၌ ပန်းခင်းစီမံချက် (၃) ဖြင့် သနပ်ကုန်းကျေးရွာကျေးလက်နေ ပြည်သူများသို့ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Feb 13,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ သနပ်ကုန်းကျေးရွာအုပ်စုအတွင်း နေထိုင်ကြသည့် ပြည်သူများအား ပန်းခင်းစီမံချက် အဆင့် (၃) အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် မြို့နယ်လဝက ဦးစီးမှူး ရုံးဝန်ထမ်းများမှ အုပ်စုများခွဲ၍ ယနေ့နံနက် (၉) နာရီ (၃၀) အချိန်မှစတင်ကာ ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲ၊ ပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲ၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သဘာဝမြေဩဇာ သဘာဝပိုးသတ်ဆေး ပြုလုပ်သုံးစွဲနည်း ပညာပေးသင်တန်း မုံရွာမြို့၌ ဖွင့်လှစ်
Feb 13,2024
စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ အနီးကပ်လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေးနည်းပညာများကို စဥ်ဆက်မပျက် လေ့လာသင်ယူနိုင်ပြီး အရည်အသွေးပြည့်ဝသော သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ရည်ရွယ်၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲ၊ ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သဘာဝမြေဩဇာ သဘာဝပိုးသတ်ဆေး ပြုလုပ်သုံးစွဲနည်း ပညာပေးသင်တန်းကို ယမန်နေ့နံနက်ပိုင်းက မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဖွင့်လှစ်ပေးခဲ့ရာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးထွန်းရှိန်(စီမံ)၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကြည်ဝင်း(စိုက်ပညာ)၊ ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလေးဝမြို့တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ပြုလုပ်
Feb 13,2024
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ၂၀၂၄ ခုနှစ် ယမန်နေ့တွင် ကျရောက်သော (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် သ၀ဏ်လွှာဖတ်ကြားပွဲ အခမ်းအနားကို ယမန်နေ့နံနက်က အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် ပရိယတ္တိ သဒ္ဓမ္မပါလစာမေးပွဲ ဖြေဆိုနေသည့် သံဃာတော်များအား ဌာနဆိုင်ရာများ စုပေါင်း၍ ဆွမ်းဆက်ကပ်လှူဒါန်း
Feb 13,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိ သဒ္ဓမ္မပါလစာမေးပွဲ ဖြေဆိုနေသည့် သံဃာတော်များအား ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍ ယနေ့ နံနက် ၁၁ နာရီက ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ အတန်းတင်စာမေးပွဲနှင့် Grade-12 ကျောင်းသား၊ ကျောင်းသူများ အောင်ပန်းဝင်စာမေးပွဲများကို ပျာ်ရွှင်စွာ ဖြေဆို
Feb 13,2024
မဟာအောင်မြေမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် Grade-4 ၊ Grade-6 ၊ Grade-7 ၊ Grade-8 ၊ Grade-10 ၊ Grade-11 ကျောင်းသား၊ ကျောင်းသူများအား အတန်းတင် စာမေးပွဲများကို (ပထမနေ့)အဖြစ် မြန်မာစာဘာသာရပ်နှင့် Grade-12 ကျောင်းသား၊ ကျောင်းသူများကိုလည်း အောင်ပန်းဝင် စာမေးပွဲများ ဖြေဆိုလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်
Feb 13,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြိုနယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ ရပ်ကွက်/ကျေးရွာများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပလောက်မြို့တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ရပ်ကွက်/ကျေးရွာအုပ်စု ဖိတ်ခေါ်အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ပြုလုပ်
Feb 13,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်သော (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ရပ်ကွက်/ ကျေးရွာအုပ်စု ဖိတ်ခေါ်အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၅)နာရီခွဲ အချိန်က ပလောက်မြို့ မြို့မအားကစားဘောလုံးကွင်း၌ ကျင်းပရာ အမှတ်(၁၂) တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်းမှ တပ်နယ်မှူး၊ အမှတ်(၃၀၉) အမြောက်တပ်ရင်းမှ တပ်ရင်းမှူး၊ အမှတ်(၂၈၀) ခြေလျင်တပ်ရင်းမှ တပ်ရင်းဗိုလ်ကြီး၊ မြို့အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အားကစားဝါသနာရှင်များ၊ အားကစားသမားများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက်၊ ပြည်ထောင်စု နေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲ ဆုချီးမြင့်ပွဲ အခမ်းအနား တက်ရောက်
Feb 13,2024
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက်၊ ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၇)နာရီအချိန်တွင် မုံရွာမြို့၊ ကန်သာယာ ပြည်ထောင်စုကျွန်း၌ ကျင်းပရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ များနှင့် ဝန်ထမ်းများ၊ မုံရွာတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် သူနာပြုနှင့် သားဖွားသင်တန်းကျောင်းစသည်တို့မှ ကျောင်းသား/ကျောင်းသူများ၊ အားကစားနှင့် ကာယပညာသိပ္ပံမှ သင်တန်းသား၊ သင်တန်းသူများ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6417
Page
6418
Page
6419
Page
6420
Current page
6421
Page
6422
Page
6423
Page
6424
Page
6425
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department