တံတားဦးမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခန်းဆုံး တက်မြောက်မှု စစ်ဆေးခြင်း စာမေးပွဲများ ဖြေဆိုလျက်ရှိ
Feb 13,2024
တံတားဦးခရိုင် တံတားဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် (Grade-4) မှ (Grade- 11) အထိ မူလတန်းအဆင့် (Grade-4) အတန်းအား တစ်ရက်လျှင် နှစ်ဘာသာဖြင့် စစ်ဆေးသွားမည်ဖြစ်ပြီး အလယ်တနးအဆင့်၊ အထက်တန်းအဆင့်များကို စစ်ရက်ကို တစ်ရက် လျှင် တစ်ဘာသာဖြင့် ဖေဖော်ဝါရီ (၁၃) ရက်မှ (၂၀)ရက်နေ့အထိ စစ်သွေားမည်ဖြစ်ရာ ခရိုင်၊ မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် စာစစ်ဌာနကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာ ကျောင်းမှ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများ၊ တာဝန်ကျဆရာ/မများက အနီးကပ် ကြီးကြပ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။