ကရသူရိမြို့၌ ကျောင်းသား/ သူများ ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးတိုးတက်စေရေး ဂိမ်းပြိုင်ပွဲများ ကျင်းပပေး

ကရသူရိ   ဖေဖော်ဝါရီ   ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ကျောင်းသား/သူများ ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးတိုးတက်ရေး ဂိမ်းပြိုင်ပွဲ များကျင်းပခြင်းကို ယမန်နေ့ ညနေ ၃ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ကျောင်းသား/ သူများ အသိပညာဗဟုသုတတိုးပွား၍ ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးကာ ထူးချွန် ထက်မြက်သည့် ကလေးများပေါ်ထွန်းစေရေး ပြည်သူ့စာကြည့်တိုက်တွင် စဉ်ဆက်မပြတ်လေ့ကျင့်သင် ကြားပြသခြင်း၊ နွေရာသီကျောင်းပိတ်ရက်အားလပ်ချိန်၌ စာကြည့်တိုက်သို့လာရောက်၍ မိမိဝါသနာထုံရာများကို လေ့လာနိုင်ရန် ပြုစုပျိုးထောင်ခြင်းများဆောင်ရွက်ခြင်းဖြင့် လေ့ကျင့်သင်ကြား လျက်ရှိပြီး ထိုသို့ဆောင်ရွက်ရာ၌ ကလေးများအကြိုက် ဂိမ်းကစားခြင်းပြိုင်ပွဲများကျင်းပပြုလုပ်ရာ ကျောင်းသား/သူများက မိမိစိတ်ဝင်စားရာ ဂိမ်းပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြပြီး အနိုင်ရရှိသူများကို မြို့ဦးစီးမှူးက မေတ္တာလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲသို့ ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်း/ အလယ်တန်း အဆင့် ကျောင်းသား/သူ(၂၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။

ကရသူရိ(ပြန်/ဆက်)