သတင်းများ

စစ်ကိုင်းမြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းဖွင့်
Feb 15,2024
စစ်ကိုင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ပတ်ဝန်းကျင်ထိန်း သိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၁၀)နာရီက အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းတုံမြို့ ဦးအောင်ဇေယျဘုန်းကြီးကျောင်း၌ (၃၃)ကြိမ်မြောက် အသံမစဲအဘိဓမ္မာ (၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Feb 15,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ဝမ်နားကျေးရွာရှိ ဦးအောင်ဇေယျဘုန်းကြီးကျောင်းတိုက်၌ (၃၃)ကြိမ်မြောက် အသံမစဲအဘိဓမ္မာ (၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ လယ်သီးထပ် နေကြာစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ
Feb 15,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြည်တွင်းစားသုံဆီ ဖူလုံစေရန်အတွက် ချောင်းရေတင်ပြီး လယ်သီးထပ် နေကြာစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၇ နာရီခွဲက တပ်ကုန်းကျေးရွာ၊ ကွင်းအမှတ် (၄၉၅) တောင်သူ ဦးမင်းနိုင်၏ လယ်မြေ (၃) ဧက၌ ကျင်းပကြောင်း သိရသည်။
ဟုမ္မလင်းမြို့၊ ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံ၌ Pfizer  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပေး
Feb 15,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံ၌ Pfizer  အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းကို ဖေဖော်ဝါရီလ(၁၅)တွင် စတင်ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။
နောင်မွန်းမြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်း ပြိုင်ပွဲကျင်းပ
Feb 15,2024
ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် စည်းလုံးညီညွတ်မှုကို အလေးထားလာစေရန်နှင့် စည်းကမ်းပြည့်ဝ ၍ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်သော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်ပသော (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားအလွတ် တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ (၁၂) ရက် ညနေ ၃ နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပသည်။
နောင်မွန်းမြို့နယ်၌ (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်းဖွင့်ပွဲကျင်းပ
Feb 15,2024
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂါလံ၂၀၀၀ဆံ့ရေလှောင်ကန်တည်ဆောက်ခြင်းနှင့် ၂"(PVC)'(၁)မိုင်စိမ့်စမ်းရေသွယ် တန်းခြင်းလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ရက် နေ့လယ် ၁၁ နာရီတွင် ချန်မယကျေးရွာ ၌ကျင်းပသည်။
မချမ်းဘောမြို့နယ်တွင် ( ၂၀၂၃-၂၀၂၄) ခုနှစ် ပညာသင်နှစ် နှစ်ဆုံးကျောင်းတွင်းစစ် စာမေးပွဲများ စတင်ဖြေဆို
Feb 15,2024
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ (၂၀၂၃-၂၀၂၄) ခုနှစ် ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီ(၁၃)ရက်နေ့ နံနက်(၁၀)နာရီမှစ၍ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။