စစ်ကိုင်း ဖေဖော်ဝါရီ ၁၅
စစ်ကိုင်းခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ပတ်ဝန်းကျင်ထိန်း သိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၁၀)နာရီက အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက အဖွင့်အမှာစကား ပြောကြားပြီး စစ်ကိုင်းခရိုင်ဦးစီးမှူးက ကဏ္ဍအသီးသီးတွင် တာဝန်ယူဆောင် ရွက်လျက်ရှိကြသော နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဘာသာရပ်များ၊ အသိပညာ၊ ဗဟုသုတများကို သိရှိနားလည်စေရန်၊ သဘာဝပတ်ဝန်းကျင်၏ ဂေဟစနစ်တန်ဖိုးများကို အလေးထားနိုင်စေရန်နှင့် ပြည်သူလူထု၊ လုပ်ငန်းရှင်များ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ရက်သတ္တပတ်(၃)ပတ်ကြာ သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး သင်တန်းသို့ ဌာနဆိုင်ရာများမှ သင်တန်းသား/သင်တန်းသူ ဝန်ထမ်း(၁၅)ဦး တက်ရောက်သင်ကြား လျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းခရိုင်(ပြန်/ဆက်)