သတင်းများ

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ
Feb 15,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကံမမြို့နယ်၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေး နေအိမ်များ အားဖြည့်ပြုပြင်ဆောင်ရွက်ပေး
Feb 15,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေး နေအိမ်များ အားဖြည့်ပြုပြင်ဆောင်ရွက်ခြင်းကို ကျောက်မဲကျေးရွာ၌ နေအိမ် (၅၀) လုံးနှင့်‌ ကျီးမီးကျေးရွာတွင်‌ အိမ် (၅၀) လုံး၊ စုစုပေါင်း နေအိမ် (၁၀၀) လုံးအတွက် တစ်အိမ်လျှင် ငွေကျပ် (၄၅၀၀၀) နှုန်းဖြင့် ထောက်ပံ့၍ ပြုပြင်ပေးခြင်းကို ယမန်နေ့နံနက်က‌‌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များအား စျေးပြိုင်လေလံစနစ်ဖြင့် လေလံတင်ရောင်းချ
Feb 15,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဥ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ကမ္ဘောဇခန်းမနေရာ၌ မိုးနဲမြို့နယ် စည်ပင်သာယာရေးဌာနနှင့် ကျိုင်းတောင်းမြို့နယ်ခွဲ စည်ပင်သာယာရေးဌာနတို့၏ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များအား စျေးပြိုင်လေလံစနစ်ဖြင့် လေလံတင်ရောင်းချခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြသည်။
နိုင်ငံ့စီးပွားမြှင့်တင်‌ရေးအတွက် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တလမ်းမှ အထောက်အကူပြုစေမည့် ဟိုပုံးမြို့နယ်မှ စတော်ဘယ်ရီစိုက်ခင်းများ
Feb 15,2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်တွင် စီးပွားရေးဦးတည်ချက်၌ တစ်ခုအပါအဝင်ဖြစ်သော တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်သားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးဆိုသည့် ဦးတည်ချက်နှင့်အညီ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို စတော်ဘယ်ရီ စိုက်ပျိုးထုတ်လုပ်ရောင်းချခြင်းများဖြင့် ဆောင်ရွက်ချက်ရှိပါသည်။
ပခုက္ကူမြို့၌ မီးဘေးအန္တရာယ်ကင်းဝေးစေရေး အသိပညာပေးနှိုးဆော်
Feb 15,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ရပ်ကွက်၊ ကျေးရွာရှိ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး ရည်ရွယ်၍ ယမန်နေ့ညနေပိုင်းက ပခုက္ကူမြို့ပေါ်ရပ်ကွက်များအတွင်း မီးငြှိမ်းသတ်ယာဉ်ဖြင့် လှည့်လည်ကာ အသိပညာပေးနှိုးဆော်ကြသည်။
လဲချားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Feb 15,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နေ့လယ်(၁၂)နာရီအချိန်က ကျင်းပခဲ့ပါသည်။
မိုင်းစံမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းခြင်းလုပ်ငန်း ဆောင်ရွက်
Feb 15,2024
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို အပတ်စဉ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီခွဲက ဌာနဆိုင်ရာရုံးများရှိ ဝန်ထမ်းများထံ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
မိုင်းပျဉ်းမြို့တွင် လေပြင်းဘေးဒဏ်ခံနိုင်ရေး အားဖြည့်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းအတွက် ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်
Feb 15,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊   မိုင်းပျဉ်းမြို့၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ လေပြင်းဘေးဒဏ်ခံနိုင်ရေး အားဖြည့်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းအတွက် ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက ပိန်းဆန်းရပ်ကွက်၊ ဝမ်မိုင်ရွာနှင့် ဝိန်းကောင်ရွာတို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။