မိုးနဲမြို့နယ်၌ အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များအား စျေးပြိုင်လေလံစနစ်ဖြင့် လေလံတင်ရောင်းချ

မိုးနဲ ဖေဖော်ဝါရီ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဥ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ကမ္ဘောဇခန်းမနေရာ၌ မိုးနဲမြို့နယ် စည်ပင်သာယာရေးဌာနနှင့် ကျိုင်းတောင်းမြို့နယ်ခွဲ စည်ပင်သာယာရေးဌာနတို့၏ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များအား စျေးပြိုင်လေလံစနစ်ဖြင့် လေလံတင်ရောင်းချခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြသည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပေးခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးငိုပွယ်က အမှာစကားပြောကြားပေးခြင်း၊ မိုးနဲမြို့နယ် စည်ပင်သာယာရေးဦးစီးဌာန အမှုဆောင်အရာရှိ ဦးခွန်မောင်ဟိန်းက လေလံတင်ရောင်းချမည့် လုပ်ငန်းလိုင်စင်များ ပြောကြားပေးခြင်း၊ ကျိုင်းတောင်းမြို့နယ် စည်ပင်သာယာရေးဦးစီးဌာန အမှုဆောင်အရာရှိ ဦးစိုင်းသီဟအောင်က လုပ်ငန်းလိုင်စင်အလိုက် လိုက်နာရမည့်စည်းကမ်းချက်များကို ပြောကြားပေးခြင်းတို့အား အသီးသီးဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များဖြစ်ကြသည့် မြို့ဝင်ဘီးကောက်၊ ​မိုးနဲမြို့မစျေး စက်ဘီး၊ ဆိုင်ကယ်ယာဥ်ရပ်နားခ၊ ​မြို့မအပေါင်ဆိုင်လုပ်ငန်များနှင့်၊ သားသတ်လုပ်ငန်းလိုင်စင်များဖြစ်ကြသည့် ကျွဲ၊ နွား၊ ဝက်ရောင်းချခြင်း လုပ်ငန်းများကို စျေးပြိုင်လေလံစနစ်ဖြင့် လေလံတင်ရောင်းချခဲ့ကြောင်း သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)