ပခုက္ကူမြို့၌ မီးဘေးအန္တရာယ်ကင်းဝေးစေရေး အသိပညာပေးနှိုးဆော်

ပခုက္ကူ ဖေဖော်ဝါရီ ၁၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ရပ်ကွက်၊ ကျေးရွာရှိ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး ရည်ရွယ်၍ ယမန်နေ့ညနေပိုင်းက ပခုက္ကူမြို့ပေါ်ရပ်ကွက်များအတွင်း မီးငြှိမ်းသတ်ယာဉ်ဖြင့် လှည့်လည်ကာ အသိပညာပေးနှိုးဆော်ကြသည်။

အဆိုပါလုပ်ငန်းကို ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်၏ လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း မီးငြှိမ်းသတ်ယာဉ်ဖြင့် လှည့်လည်ကာ မီးဘေးအန္တရာယ်ကင်းဝေးစေရေး သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို အသိပညာပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)