ကံမ ဖေဖော်ဝါရီ ၁၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေး နေအိမ်များ အားဖြည့်ပြုပြင်ဆောင်ရွက်ခြင်းကို ကျောက်မဲကျေးရွာ၌ နေအိမ် (၅၀) လုံးနှင့် ကျီးမီးကျေးရွာတွင် အိမ် (၅၀) လုံး၊ စုစုပေါင်း နေအိမ် (၁၀၀) လုံးအတွက် တစ်အိမ်လျှင် ငွေကျပ် (၄၅၀၀၀) နှုန်းဖြင့် ထောက်ပံ့၍ ပြုပြင်ပေးခြင်းကို ယမန်နေ့နံနက်က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါနေအိမ်များ ပြုပြင်ပေးခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှု ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြထွေးနှင့် ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြည်သူကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသားများ ပူးပေါင်း၍ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)