လဲချား ဖေဖော်ဝါရီ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နေ့လယ်(၁၂)နာရီအချိန်က ကျင်းပခဲ့ပါသည်။
အဆိုပါ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ဒုတိယဦးစီးမှူး ဒေါ်ဟေမွန်ဦးက အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန်၊ စာဖတ်စွမ်းရည်များ မြင့်မားလာစေရန်နှင့် စာအုပ်၊ စာစောင်များကို အမြဲဖတ်ရှုလေ့လာနိုင်စေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲများအား ပြုလုပ်ပေးခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားကာ စာရေးဆရာ ဒေါက်တာခင်မောင်ညို၏ လူငယ်နှင့်အကောင်းဆုံးဘဝကိုတည်ဆောက်ခြင်း စာအုပ်ကို တက်ရောက်လာသော ကျောင်းသား/သူ လူငယ်များမှ စာဖတ်စွမ်းရည်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ရာ ပြိုင်ပွဲသို့ ကျောင်းသား/သူ(၃၁)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လဲချား(မြို့နယ်ပြန်/ဆက်)