ညောင်တုန်းမြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေး

ညောင်တုန်း ဖေဖော်ဝါရီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ မြို့နယ်အတွင်းရှိ ပြည်သူများ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ဝါးတောစွန်းကျေးရွာအုပ်စု ကြောင်သျှာကုန်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ‌အဖွဲ့ဝင် (၁) ဗိုလ်မှူးအောင်မျိုးသူက ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး ရဲမှူးကျော်မျိုးထက်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက  ကျေးရွာလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကိစ္စ ရပ်များ၊ မှုခင်းကျဆင်းရေးနှင့် ယာဉ်စည်းကမ်း/လမ်းစည်းကမ်း သိရှိလိုက်နာစေရေးကိစ္စရပ်များ ကိုလည်းကောင်း သတင်းတုအမှားများ၊ အမုန်းစကားများနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များကိုလည်းကောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် ကုန်ထုတ်လမ်းနှင့် ကျေးရွာချင်းဆက်လမ်းများဖောက်လုပ် ခြင်းကိစ္စရပ်များကိုလည်းကောင်း၊ ကျေးလက်ဒေသ မီးလင်းရေးလုပ်ငန်းများကိုလည်းကောင်း၊ သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေးကိစ္စရပ်များကိုလည်းကောင်း ကဏ္ဍအလိုက်ဆွေးနွေး၍ တက်ရောက်လာသည့်  ဒေသခံပြည်သူများက သိလိုသည်များကိုမေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများ ပြန်လည်ဖြေကြားဆွေးနွေးပြီး ညှိနှိုင်းပေါင်းစပ်‌ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် ဒေသခံပြည်သူများ စုစုပေါင်း (၁၅၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်ဆက်)