မြစ်ကြီးနား ဖေဖော်ဝါရီ ၁၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကမ်းနားလမ်းရှိ We Love Myitkyina ဆိုင်းဘုတ်အနီး ကမ်းနားလမ်းတစ်လျှောက် အမှိုက်များကင်းစင်ကာ သန့်ရှင်းသာယာလှပစေရေး ယမန်နေ့ နံနက် ၇ နာရီခွဲက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် စည်ပင်သာယာရေးအဖွဲ့မှ အရာထမ်း/အမှုထမ်းများနှင့် အတူ အမှိုက်များ ကောက်ယူခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ ကမ်းနားလမ်းတစ်လျှောက် အမှိုက်များ ကောက်ယူခြင်းနှင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာ တွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် စည်ပင် သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူးဦးကျော်လင်း၊ အရာထမ်း/ အမှုထမ်းများ၊ Kachin State Clean & Green Team အဖွဲ့ဝင်များနှင့်အတူ ကမ်းနားလမ်းတစ်လျှောက် ဧရာဝတီမြစ်ဘေး We Love Myitkyina ဆိုင်းဘုတ်မှ စည်ပင်သာယာဆိပ်ကမ်းအထိ ပလတ်စတစ်အမှိုက်များ ကောက်ယူခြင်း၊ သစ်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။
ပြည်နယ် (ပြန်/ဆက်)