မြန်အောင်မြို့နယ်ကနောင်မြို့ ကနောင်စျေးအတွင်း မီးဘေးလုံခြုံရေးနှင့်ကာကွယ်ရေး စစ်ဆေးအသိပညာပေးခြင်းများ ဆောင်ရွက်

မြန်အောင် ဖေဖေါ်ဝါရီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ကနောင်မြို့ ကနောင်စျေးအတွင်း မီးဘေးလုံခြုံရေးနှင့်ကာကွယ်ရေးစစ်ဆေးအသိပညာ ပေးခြင်းများကို ယမန်နေ့က ကနောင်မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်သောအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်အောင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ကနောင်စျေးအတွင်း စျေးရောင်းချသော ဆိုင်ခန်းများ မီးဘေးလုံခြုံရေးနှင့်ကာကွယ်ရေးအတွက် မီးသတ်ဆေးဗူး၊ ရေလှောင်ကန်များ၊ မီးချိတ်၊မီးကပ်၊ သဲအိတ်များထားရှိခြင်းနှင့် မီးပေါ့ဆမှုမရှိစေရန် ကနောင်မြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းနှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများ၊ ကနောင်နယ်မြေမီးသတ်စခန်းမှသန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ကနောင်မြို့ လျှပ်စစ်ရုံးမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ် (ပြန်/ဆက်)