မိုင်းဆတ်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

မိုင်းဆတ် ဖေဖော်ဝါရီ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီက မယ်ဆွမ်တောင်ကျေးရွာအုပ်စု၊ ဝိန်းလိတ်ကျေးရွာခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးလင်းထင်ကျော်က စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ ကလေးအလုပ်သမားပပျောက်ရေးသိကောင်းစရာများနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ဆိုးကျိုးများကို အကျယ်တဝင့် အသိပညာပေးဟောပြောကာ မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ဦးဝင်းမြင့်နိုင်က တောမီးရှို့ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ခင်မောင်ဝင်းက ဥပဒေအကြောင်းအသိကောင်းစရာများ၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဇင်ပွင့်ဖြူက လေထုညစ်ညမ်းမှုနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး သိကောင်းစရာများ၊ ပြည်တွင်းအခွန်ဦးစီးမှူး ဦးစောကလိုမှူးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးအာကာမောင်တို့က သက်ဆိုင်ရာကဏ္ဍအလိုက် အသိပညာပေးဟောပြောခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက မေးမြန်းချက်များအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)